ဩစတြေးလျနိုင်ငံသား စက်ဘီးစီးသမား မက်သီးယပ်စ်ဘရဲန်ဒဲလ်သည်
အောက်တိုဘာလ(၃၀)ရက်နေ့က တစ်နာရီကို (၅၁.၅၈) ကီလိုမီတာဖြင့် ကမ္ဘာ့မှတ်တမ်းသစ် တင်ခဲ့ကြောင်း
သိရပါသည်။ ဆွစ်ဇာလန်နိုင်ငံ အစ်ဂဲလ်မြို့မှာ ကျင်းပသည့် ကမ္ဘာ့စက်ဘီးစီးစင်တာမှာတော့
ဒုတိယအဖြစ် (၅၁.၁၁)ကီလိုမီတာဖြင့် ယန်းမီဂ်က ရရှိခဲ့တာ ဖြစ်ပါသည်။ဘရဲန်ဒဲလ်ဟာ ဗီးဂ်ကို
ခရီးတစ်ဝက်မှာတင် (၅၀)စက္ကန့်ကျော်ဖြင့် ဦးဆောင်နေပြီး နောက်ဆုံး(၁၀)မိနစ်အလိုမှာ အနည်းငယ်
ယိမ်းယိုင်သွားရုံမှအပ ပန်းတိုင်စည်းအနီး ရောက်ခါနီးမှာတော့ ပိုမိုကောင်းမွန်လာခဲ့ပြီး
စည်းနားရောက်ချိန်မှာတော့ နာကျင်မှုတွေ လွင့်ပျယ်သွားခဲ့ကြောင်း ၄င်းကပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment