ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ခရိုင်၊
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ
(၂၇)ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်
ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားရာမှာ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အနေနဲ့ အောက်ခြေထိ ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်အတွင်း နေရာဒေသ
အားလုံးပါဝင်နိုင်ရန်နှင့် မဲရုံများ ဖွင့်လှစ်နိုင်ရန် အဓိကထား ဆောင်ရွက်လျက် ရှိပါကြောင်း
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment