Wednesday, October 1, 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နော်ဝေနိုင်ငံ အငြိမ်းစားဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နော်ဝေနိုင်ငံ အငြိမ်းစားဝန်ကြီးချုပ်နှင့် (အိုစလို) ငြိမ်းချမ်းရေး စင်တာ၏ အဖွဲ့ခေါင်းဆောင် မစ္စတာ ဂျေ မတ်နန် ဘွန်တာဗစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ(၁)ရက် ညနေ(၄)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံပါသည်။  တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

No comments:

Post a Comment