Friday, October 31, 2014

လပွတ္တာရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံမှ မြန်မာ့အသံရေဒီယို အစီအစဉ်များ စတင်စမ်းသပ် ထုတ်လွှင့်ခြင်း

မြန်မာ့အသံရေဒီယိုအစီအစဉ် ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ရေး အစီအစဉ်အရ လပွတ္တာစက်ရုံတွင် FM လွှင့်စက်နှင့် Antenna တပ်ဆင်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ (၂၄)ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပါသည်။ အဆိုပါ စက်ရုံမှ လွှင့်အား 2KW၊ လှိုင်းနှုန်း (89.2 MHz) ဖြင့် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့မှစ၍ စတင်ထုတ်လွှင့်လျက်ရှိရာ စက်ရုံ အရှေ့ဘက်တွင် ကန်ဘက်၊ လှိုင်းဘုန်း အထိလည်းကောင်း၊ အနောက်ဘက်တွင် သုံးခွ၊ ဘုရားလှ အထိလည်းကောင်း၊ တောင်ဘက်တွင် လွှစာ၊ စလူစိပ်၊ ပြင်စလူ အထိလည်းကောင်း၊ မြောက်ဘက်တွင် ငပုတောမြို့နယ် အထိလည်းကောင်း၊ မြန်မာ့အသံရေဒီယိုအစီအစဉ်များကို ကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူနားဆင်နိုင်ပြီဖြစ်ပါသည်။


No comments:

Post a Comment