Friday, October 31, 2014

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည့် အစီအစဉ် အသိပေးကြေညာ

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် လျှောက်လွှာများလက်ခံခဲ့ရာ ဘွဲ့ကြိုတန်းအတွက် ကျား(၂၃၆)ဦး၊ မ(၄၂၂)ဦး စုစုပေါင်း(၆၅၈)ဦး၊ မဟာတန်းအတွက် ကျား(၃၂၀)ဦး၊ မ (၁၅၂၈)ဦး စုစုပေါင်း (၁၈၄၈)ဦး၊ ပါရဂူတန်းအတွက် ကျား (၃၁၀)ဦး၊ မ (၂၀၆၆)ဦး စုစုပေါင်း (၂၃၇၆)ဦး လျှောက်ထားခဲ့သဖြင့် လျှောက်ထားသူဦးရေ စုစုပေါင်း ကျား (၈၆၆)ဦး၊ မ (၄၀၁၆)ဦး စုစုပေါင်း(၄၈၈၂)ဦး ဖြစ်ပါသည်။ လျှောက်ထားသူအားလုံးသည် လျှောက်ထားစဉ်က ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာကို အခြေခံ၍ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မုံရွာ၊ တောင်ကြီး၊ မော်လမြိုင် မြို့ကြီးများ၌ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပါသည်။


No comments:

Post a Comment