နိုင်ငံတော်အနေဖြင့် ကျေးလက်နေပြည်သူများ၏
လူနေမှုဘဝ မြင့်မားစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ
ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု
မရှိစေဘဲ အမြန်ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နေပြည်တော်ကောင်စီ၏ ၂၀၁၄-၂၀၁၅ ငွေလုံးငွေရင်း
ခွင့်ပြုရံပုံငွေဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ဆောင်ရွက်သည့် ဇမ္ဗူသီရိမြို့နယ်
သပြေကုန်းရပ်ကွက်ရှိ ငုဝါ ၁လမ်း/၂)လမ်း၊ ဂန္ဓမာ (၂လမ်း/၃လမ်း/၄)လမ်း၊ ကံ့ကော် (၆လမ်း/၇)လမ်း၊
ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၃၁)ရက် နံနက်(၇)နာရီ မိနစ်(၂၀)တွင်
အဆိုပါ ကတ္တရာလမ်းသစ်၌ ကျင်းပပါသည်။
No comments:
Post a Comment