Friday, October 31, 2014

ဇမ္ဗူသီရိမြို့နယ်ရှိ ၀န်ထမ်းမိသားစုဝင် သက်ကြီးအဘိုအဘွားများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ဇနီးသည် ၀န်ကြီးဌာန အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သရဖီ၊ ပိတောက်၊ ခရေနှင့် ကံ့ကော်အိမ်ရာများရှိ ၀န်ထမ်းမိသားစုဝင် သက်ကြီးအဘိုး(၄)ဦးနှင့် အဘွား(၁၅)ဦး၊ စုစုပေါင်း (၁၉)ဦးတို့အား ထောက်ပံ့ငွေကျပ် ၂၇၀၀၀၀ နှင့် ငွေကျပ် ၁၃၃၀၀တန်ဖိုးရှိ စားသောက်ဖွယ်ရာများ စုစုပေါင်း ငွေကျပ် ၂၈၃၃၀၀ ကို တစ်အိမ်တက်ဆင်း အိမ်တိုင်ရာယောက် ထောက်ပံ့လှူဒါန်းကြပြီး အဘိုးအဘွားများ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ ကျန်းမာရေး စစ်ဆေးကုသနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ 


No comments:

Post a Comment