ပြည်ထောင်စု လွှတ်တော်
နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ
ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. Peter Hansen အား အောက်တိုဘာလ (၃၀)ရက် မွန်းလွဲ (၁)နာရီတွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ အဆိုပါ
တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး
ကော်မတီဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်
သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment