Wednesday, October 1, 2014

ဒိုးညက်စ်ဒေသတွင် ရပ်ထားသည့် ဗန်ကားတစ်စီးနှင့် ကလေးကစားကွင်း အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်မှုဖြစ်ပွား

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒိုးညက်စ်ဒေသ၏ လမ်းအနီးမှာ ရပ်ထားသည့် ဗန်ကားတစ်စီးနှင့် ကလေးကစားကွင်း အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် လူပေါင်း(၁၀)ဦး ထက်မနည်း သေဆုံးခဲ့ကာ (အိုအက်စ်စီအီး) လေ့လာသူများနှင့် လက်နက်ကိုင်များက ၄င်းဖြစ်ရပ်ကို ကြည့်ရှုလေ့လာလျက် ရှိကြောင်း သိရပါသည်။ သေဆုံးသူများထဲတွင် ကလေးများ မပါဝင်ဘဲ ဇီဝဗေဒ သင်ကြားသည့် ဆရာတစ်ဦးနှင့် ၄င်းကျောင်းမှ ကလေး၏ မိဘတစ်ဦး ပါဝင်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါသည်။ လက်နက်ကိုင်များသည် စက်မှုလုပ်ငန်း အချက်အချာကျသည့် မြို့၏အဓိက နေရာများကို သိမ်းပိုက်ထားပါသည်။ ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသည့် ဒိုးနက်စ်လေဆိပ်အတွင်းနှင့် ဝန်းကျင်မှာလည်း ပြင်းထန်သည့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment