Thursday, October 2, 2014

ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ သွေးဝတ္ထုအား Radio အသံလွှင့် ဇာတ်လမ်းစီစဉ် ထုတ်လုပ်နေပုံ

မြန်မာ - ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ် အဖြစ် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ သွေးဝတ္ထုအား Radio အသံလွှင့် ဇာတ်လမ်း စီစဉ် ထုတ်လုပ်နေပုံနှင့် ပတ်သက်ပြီး တင်ပြလိုက်ပါသည်။ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် ဂျပန်နိုင်ငံ NHK Worls Radio Japan နှင့် MRTV တို့၏ ပူးပေါင်းစီစဉ် တင်ဆက်မှုအဖြစ် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ ဂန္ဓဝင် ဝတ္ထု တစ်ပုဒ်ကို ရေဒီယို အသံလွှင့် ဇာတ်လမ်းအဖြစ် စီစဉ် ဖန်တီးနေကြပါသည်။ မြန်မာ - ဂျပန် သံတမ် ဆက်ဆံရေးနှစ် (၆၀) ပြည့် အထိမ်းအမှတ် ရေဒီယို အသံလွှင့် ဇာတ်လမ်း ဖန်တီးရာမှ ဂျာနယ်ကျော်မမလေး၏ သွေး ဝတ္ထုကို ရွေးချယ်ဖြစ်ပုံကို NHK မှ တာဝန်ရှိသူက ပြောပြသွားပါသည်။ 

1 comment:

  1. Online တင်ပေးဖို့ အစီအစဉ် ရှိပါသလားခင်ဗျာ

    ReplyDelete