အာရှဖွံ့ဖြိုးရေးဘဏ်
အေဒီဘီ၏ ချေးငွေများနှင့် တိုင်းဒေသကြီးလေးခုတွင် လျှပ်စစ်ဖြန့်ဖြူးသည့်
လုပ်ငန်းများ အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရပါသည်။ ရန်ကုန်၊ မန္တလေး၊
မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းမှာရှိသည့် မြို့နယ်များတွင် လျှပ်စစ်ဖြန့်ဖြူးမှုများ
အဆင့်မြှင့်တင်သွားမည့်အကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအားဦးစီးဌာနက ပြောကြားခဲ့ကြောင်း
သိရပါသည်။ အေဒီဘီ၏ ချေးငွေ အမေရိကန်ဒေါ်လာသန်း (၆၀) ကိုအသုံးပြုသွားမည့် ထိုအစီအစဉ်အတွက်
လျှပ်စစ်ကြိုးသွယ်ခြင်း၊ ဓါတ်အားကြိုး၊ ဓါတ်အားခွဲပစ္စည်းနှင့် အိမ်သုံးမီတာများကို
အသစ်လဲလှယ် သွားမည်ဖြစ်ပါသည်။ ထိုအတွက် ယခုနှစ် ပွင့်လင်းရာသီကနေစပြီး
လုပ်သွားမည့်အကြောင်းပြောပါသည်။ လျှပ်စစ် ၀န်ကြီးဌာနက လာမည့် ၂၀၁၅-၂၀၁၆
ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၏ အိမ်ထောင်စုထက်ဝက်ကို လျှပ်စစ်သုံးစွဲနိုင်ရန်
စီစဉ်နေသည်ဟု ပြောထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment