Sunday, November 30, 2014

လှေလှော်အားကစား လေ့ကျင့်ရေးစခန်းများသို့ ကြည့်ရှုစစ်ဆေး


မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာရေးနှင့် အာရှ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိ၍ အားကစားဖြင့် နိုင်ငံဂုဏ်မြှင့်တင်ရေးများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ဒီဇင်ဘာလ ၁ရက် နံနက် ၈နာရီက ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အဖွဲ့သည် အင်းယားကန်ရှိ လှေလှော်အားကစား လေ့ကျင့်ရေးစခန်းတွင် အားကစားသမားများ လေ့ကျင့်လှော်ခတ်နေမှုအား ကြည့်ရှုအားပေး၍ အမျိုးသား/အမျိုးသမီး အိပ်ဆောင်များ၊ နိုင်ငံခြားသားနည်းပြ အိပ်ခန်း ဆောင်ရွက်ထားရှိပြီးစီးမှု အခြေအနေများနှင့် စားရိပ်သာတွင် သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်နေမှု၊ အားကစားသမားများ ဘူးဖေးစနစ်ဖြင့် ကျွေးမွေးထားရှိမှုများ၊ အားဆေးတိုက်ကျွေးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

No comments:

Post a Comment