Saturday, November 29, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ




၂၀၁၄ ခုနှစ် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပြီး ၂၀၁၄ခုနှစ် မတိုင်ခင်က ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ်လည်း ကြီးကျယ်ခမ်းနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ကာလအတွင် အာဆီယံထိပ်သီးအစည်းအဝေးကြီး (၂)ခုနှင့် အခြားဆက်စပ် အစည်းအဝေးပေါင်းများစွာကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ အောင်မြင်မှုများကို ဂုဏ်ပြုခြင်းအားဖြင့် ၂၅ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရခဲ့ခြင်းနှင့် ပျူရှေးဟောင်းမြို့ကြီး (၃)မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူများကို နိုဝင်ဘာလ ၂၉ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

No comments:

Post a Comment