Saturday, November 1, 2014

လာမည့်နှစ်တွင် စားသုံးသူကာကွယ်ရေး နည်းဥပဒေထုတ်ပြန်မည်



စားသုံးသူအကာအကွယ်ပေးရေးနည်းဥပဒေကို လာမည့်နှစ် ၂၀၁၅ ဧပြီလကနေစပြီး ထုတ်ပြန်အရေးယူသွား မှာ ဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောပါသည်။ ထိုဥပဒေသည် ပြည်သူများ ၀ယ်ယူ သုံးစွဲနေရသည့် ကုန်ပစ္စည်းများ၊ အစားအစာများနှင့် ပတ်သက်၍ အကာအကွယ်ပေးမည့် ဥပဒေဖြစ်ပါသည်။ ထိုဥပဒေမှာ လုပ်ငန်းရှင်များအတွက် ထောင်ဒဏ်နှင့် ငွေဒဏ်များကိုလည်း တိတိကျကျသတ်မှတ်ထားသည်ဟု ပြောပါသည်။ ယခင်က အစိုးရအဖွဲ့အစည်းမဟုတ်သည့် စားသုံးသူကာကွယ်ရေးအသင်းကသာ ညွှန်ကြားချက်များ၊ သတိပေးချက်များသာ လုပ် နိုင်ခဲ့ပြီး ယခုလိုနည်းဥပဒေထွက်လာမည်ဆိုရင် ပြတ်ပြတ်သားသားဆောင်ရွက်နိုင်လိမ့်မယ်ဟု အသင်း၏ ဥက္ကဌဖြစ်သူက ပြောပါသည်။ စားသုံးသူအကာအကွယ်ပေးရေးနည်းဥပဒေ အတည်ပြုပြီးလျှင် ပြည်တွင်း၊ ပြည်ပ ထုတ်ကုန်များကို အရည် အသွေးအာမခံ စနစ်နှင့် ထားရှိပြီး အန္တရာယ်ရှိစေသည့်စားသောက်ကုန်များကို အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
 

No comments:

Post a Comment