လွိုင်ကော်မြို့၊
ချိကယ်ရပ်ကွက်၊ ထေးသမကျေးရွာနှင့် ဒေါ်မူကလားကျေးရွာကျောက်ကြမ်းလမ်းကို လွန်ခဲ့သည့်
(၁၀)နှစ်ကျော်ကတည်းက လူမှုရေးအဖွဲ့အစည်းများမှ ကျောက်ကြမ်းလမ်းအဖြစ် ဖောက်လုပ်ပေးခဲပါသည်။ နှစ်ကာလကြာလာသည်နှင့်အမျှ ၄င်းလမ်းသည် ယိုယွင်းပျက်စီးခြင်း၊
ရေလွှာတိုက်စားသောကြောင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများနှင့် မြို့ပေါ်သို့ သွားရောက်ပညာသင်းကြားသည့်
ကျောင်းသားကျောင်းသူများ သွားလာရေးခက်ခဲ့လျက်ရှိပါသည်။ ဒါ့အပြင် ၄င်းလမ်းသည် လယ်ယာမှထွက်ရှိသော
ပြောင်း၊ မြေပဲ၊ ကောက်ပဲသီးနှံသယ်ယူရာတွင် အလွန်အရေးပါအရာရောက်သော လမ်းဖြစ်တာကြောင့်
ပျက်စီးနေသည့် ကျေးရွာလမ်းအား အောက်တိုဘာလ (၃၀)ရက်နေ့တွင် ထေးသမကျေးရွာရှိ ဒေသခံပြည်သူများစုပေါင်းပြီး
သွားလာရန်ခက်ခဲသော နေရာများကို ကျောက်သဲတို့ဖြင့် ပြန်လည်ပြုပြင်ပြီး လုပ်အားဒါနဖြင့်
ပါဝင်ကုသိုလ်ပြုကြပါသည်။
No comments:
Post a Comment