Saturday, November 1, 2014

တတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်းကဏ္ဍအဖွဲ့ အစည်းအဝေး

ခရီးသွားလုပ်ငန်းကို အခြေပြုကာ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အရေးအသစ်များ ပေါ်ပေါက်လာစေရေးနှင့် နိုင်ငံဝင်ငွေတိုးပွားလာစေရေးတို့ကို ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အမျိုးသားအဆင့် ဦးစားပေးကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားပြီး Myanmar Tourism Master Plan စီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံအစိုးရအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ စီမံကိန်းရေးဆွဲရေးပညာရှင်အဖွဲ့ခေါင်းဆောင် ဒေါက်တာပေါလ်ရောဂျားစိုက ရေးဆွဲခဲ့ပြီး ၂၀၁၃ခုနှစ်တွင် စီမံကိန်းကို အသက်ဝင်အောင် စတင်ဆောင်ရွက်ခဲ့ကြပြီး စီမံကိန်းအောင်မြင်ရေးအတွက် မဟာဗျူဟာအစီအစဉ်ခြောက်ခုကို ချမှတ်ရေးဆွဲခဲ့ကြပြီး အစည်းအဝေးများ ကျင်းပခဲ့ရာ တတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်းကဏ္ဍအဖွဲ့အစည်းအဝေးကို အောက်တိုဘာလ(၃၁)ရက်နေ့တွင် ရန်ကုန်မြို ရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့ပါသည်။

No comments:

Post a Comment