Sunday, November 30, 2014

နော်ဝေနိုင်ငံကုန်သွယ်ရေး၊ စက်မှုနှင့် ရေလုပ်ငန်းဝန်ကြီး တယ်လီနောအရောင်းပြခန်းများအား ကြည့်ရှု စစ်ဆေး

နော်ဝေနိုင်ငံကုန်သွယ်ရေး၊ စက်မှုဇုန်နှင့် ရေလုပ်ငန်းဝန်ကြီး H.E. Ms. Monica Maelandသည် အဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲ (၁၂) နာရီခွဲတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် ၁၁ လမ်းထိပ်ရှိ တယ်လီနောအရောင်းပြခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက တယ်လီနောဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအခြေအနေ၊ တယ်လီနော မိုဘိုင်းဖုန်းဆင်းကတ်များ၊ ဟန်းဆက်များ နေ့စဉ်ရောင်းချမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ကုန်သွယ်ရေး၊ စက်မှုနှင့် ရေလုပ်ငန်းဝန်ကြီးသည် တယ်လီနော အရောင်းပြခန်းအနီးရှိ တယ်လီနောမိုဘိုင်းဖုန်း ဆင်းကတ်နှင့် ဟန်းဆက် အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

No comments:

Post a Comment