စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မြင့်သည် နိုဝင်ဘာလ (၂၉)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်
အတွင်းရှိ အမှတ်(၁၁) အကြီးစားစက်ရုံ (ရန်ကုန်)သို့ ရောက်ရှိပြီး ကုန်တင် မော်တော်ယာဉ်
ထုတ်လုပ်မှု စီမံကိန်းနှင့် ပတ်သက်ပြီး တင်ပြချက်များအပေါ် စီမံကိန်းလုပ်ငန်းများ သတ်မှတ်လျာထားအတိုင်း
ပြီးစီးရေး၊ စီမံကိန်းပြီးစီးပါက ထုတ်လုပ်မှု လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရေး၊
မိမိဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများ၊ သတ်မှတ် လျာထားချက်အတိုင်း ပြီးစီးရေးနှင့်
စက်ရုံရှင်သန် ရပ်တည်နိုင်ရေးတို့ကို ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုန်တင် မော်တော်ယာဉ် ထုတ်လုပ်မှု စီမံကိန်းတွင် ပါဝင်သည့်
စက်များတပ်ဆင် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း
မှာကြားခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment