Sunday, November 30, 2014

နော်ဝေနိုင်ငံ ပဉ္စမမြောက်ဘုရင်နှင့်မိဖုရား ရန်ကုန်မြို့သို့ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့်ဇနီးဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရနော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ယာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ(၃၀)ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။ ဧည့်သည်တော် နော်ဝေနိုင်ငံ ပဉ္စမမြောက်ဘုရင်နှင့် မိဖုရားတို့ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့အားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.AnnOllestad၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

No comments:

Post a Comment