Sunday, November 30, 2014

The Pyramid ရုပ်ရှင်

The Pyramid ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလ (၅)ရက်နေ့တွင် စတင်ပြသသွားခဲ့ကြောင်း သိရပါသည်။ ရှေးဟောင်းသုတေသန လေ့လာရေးအဖွဲ့ တစ်ဖွဲ့က  အီဂျစ်သဲကန္တာရ ထဲတွင် နစ်မြှုပ်နေသည့် ပရိမစ်တစ်ခုကို တူးဖော်ရန်ရောက်ရှိလာခဲ့ပါသည်။ ထိုနောက် ပရိမစ်ကို တူးဖော်တွေ့ ရှိခဲ့ကြပြီး အထဲမှာရှိသည့် ရှေ့ဟောင်းအရာများကို လေ့လာရာမှ ထွက်လမ်းကိုရှာဖွေကြရင်း ဝိဥာဉ်များ၏ ကြောက်မက်ဖွယ်ကောင်းသည့် ခြောက်လှန့်တိုက်ခိုက်မှုများ ခံစားကြရခြင်းကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထား ခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားပြသချိန်က (၈၉)မိနစ်ကြာမြင့်ပြီး ဒါရိုက်တာ ဂရီဂိုရီလာဗက်ဆီယာက ရိုက်ကူးပြီး သရုပ်ဆောင် အက်ရှလေဟင်ရှော၊ ဒန်းနစ် အိုဟဲ၊ ဂျိန်းဘာကလေနှင့် တခြားသရုပ်ဆောင်များ ပါဝင်ထားသည်။ ထိုဇာတ်ကားကို 20 Century Fox ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန်ချိ ထားကြောင်း သိရပါသည်။

No comments:

Post a Comment