Monday, December 1, 2014

ရုရှားနိုင်ငံမော်စကိုရှိ ရင်ပြင်နီတွင် မိုးလုံလေလုံ နှင်းလျှောစီးနိုင်မယ့် ရေခဲ့ပြင် စကိတ်ကွင်းတစ်ခု ဖန်တီးပြုလုပ်

ရုရှားနိုင်ငံမော်စကိုရှိ ရင်ပြင်နီတွင် မိုးလုံလေလုံ နှင်းလျှောစီးနိုင်မယ့် ရေခဲ့ပြင် စကိတ်ကွင်းတစ်ခုကို ဖန်တီးပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါသည်။ ရုရှားအိုလံပစ်အဖွဲ့ကို အဝတ်အစားများ ထောက်ပံ့ပေးတဲ့ ဘောဘိုကုမ္ပဏီက (၂၀ဝ၅)ခုနှစ်ကတည်းက တည်ဆောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး စကိတ်စီးသူများအနေနဲ့ နွေဦးရာသီထိ စကိတ်စီးနိုင်မှာ ဖြစ်ကြောင်းသိရပါသည်။ ဒီစကိတ်ကွင်းမှာ စကိတ်သမား(၄၅၀)လုံး တစ်ပြိုင်နက် စကိတ်စီးနိုင်ကြောင်း သိရပါသည်။ ၄င်းစကိတ်ကွင်းမှာ အေးခဲစေမယ့် စနစ်ကို ထိန်းသိမ်းထားပြီး အပူချိန်ပိုမြင့်လာရင်တောင် စကိတ်စီးသူတွေ အတွက် တံခါးများ ဖွင့်ထားမှာဖြစ်တယ်လို့ သိရပါသည်။ နှစ်သစ်ကို ထူးထူးခြားခြား ကျော်ဖြတ်လိုသူတွေ အတွက်ကတော့ မျှော်စင်မှ နာရီသံကို နားဆင်ရင်း နှင်းလျှောစီးနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါသည်။


No comments:

Post a Comment