Wednesday, December 31, 2014

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများ ထုတ်လွှင့်ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများကို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ ည (၁၂) နာရီနှင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ နံနက် (၇) နာရီနှင့် နံနက် (၈) နာရီ သတင်းအပြီးတို့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီရင်ခံအပ်ပါသည်။

No comments:

Post a Comment