Tuesday, December 30, 2014

မလေးရှားတွင် ရေကြီးမှုကြောင့် ကီလန်တန် ပါဟန်နှင့် တယ်ရန်ဂနူးတွင် အခက်အခဲများ ရင်ဆိုင်နေရဆဲ

မလေးရှားနိုင်ငံ၏ အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားရာ နေရာများဖြစ်သည့် ကီလန်တန် ပါဟန်နှင့် တယ်ရန်ဂနူးတွင် အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရပါသည်။ (၁၀)စုနှစ် ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် ကီလန်တန်မှာ (၉)ယောက်၊ ပါဟန်မှာ (၃)ယောက်နှင့် တယ်ရန်ဂနူးမှာ (၂)ယောက် စုစုပေါင်း (၁၄)ယောက် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း လူရာပေါင်း များစွာသည် ရေဘေးကြောင့် ၄င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရပါသည်။ လူပေါင်း (၂)သိန်းကျော်ကို ကယ်ဆယ်ထားရကြောင်း မလေးရှား အမျိုးသား သဘာဝဘေးဆိုင်ရာ လုံခြုံရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ မိုးဟာဆက်လက် ရွာသွန်းနိုင်သေးပေမယ့် ခွာလာခရိုင်နှင့် ခိုတာ-ဘာရူရီမှာ ရေကြီးမှု လက္ခဏာများ လျော့ပါးနေပြီ ဖြစ်ပါသည်။ ရေကြီးမှုကြောင့် ကားလမ်းများ ရေနစ်မြုပ် နေသည့်အတွက် လေကြောင်းမှ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment