Monday, December 1, 2014

တရုတ်နိုင်ငံ၏ နယူးကလစ်-အက်ဆစ်ဓာတ်ပြုပစ္စည်းသည် အီဗီုလာထောက်လှမ်းနိုင်မည့် လမ်းသစ်တစ်ခုဖြစ်လာ

ဆေးဝါးခွင့်ပြုချက်ရရှိလာသည့် တရုတ်နိုင်ငံ၏ နယူးကလစ်-အက်ဆစ်ဓာတ်ပြုပစ္စည်းသည် ဆေးရုံများကို အီဗီုလာထောက်လှမ်းနိုင်မယ့် လမ်းသစ်တစ်ခုပေါ်လာ စေသည်ဟုဆိုပါသည်။ စစ်ဖက်ဆိုင်ရာ ဆေးဝါးသိပ္ပံအကယ်ဒမီက ထုတ်လုပ်ခဲ့သည့်အခု ဓာတ်ပြုပစ္စည်းကို ပြီးခဲ့တဲ့ သောကြာနေ့က ခွင့်ပြုခဲ့တာဖြစ်သလို တရုတ်နိုင်ငံရဲ့ အီဗီုလာကို စမ်းသပ်နိုင်မယ့် နယူးကလစ်-အက်ဆစ်ဓာတ်ပြုပစ္စည်းလဲ ဖြစ်ပါသည်။ တရုတ်နိုင်ငံ အစားသောက်နဲ့ ဆေးဝါးအဖွဲ့(စီအက်ဖ်ဒီအေ)ရဲ့ ပြောကြားချက်အရတော့ထိုပစ္စည်းကို ပြီးခဲ့တဲ့ ဩဂုတ်လကစတင် ထုတ်လုပ်စမ်းသပ်ခဲ့တာဖြစ်တယ်လို့ သိရပါသည်။ ခွင့်ပြုချက်ရဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလက တင်သွားခဲ့တာဖြစ်ကြောင်း သိရပါသည်။ အာဖရိကမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်ဆေးဝါးအဖွဲ့များကတော့ ဒီဓာတ်ကူးပစ္စည်းကို သုံးပြီး လူနာ(၁)ထောင့်(၇)ရာကို စမ်းသပ်ခဲ့ပြီး (၈)ရာ့(၅)ဆယ်မှာ ရောဂါကူးစက်နေတာကို အတည်ပြုနိုင်ခဲ့ပြီလို့ သိရှိရပါသည်။

No comments:

Post a Comment