Monday, December 1, 2014

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူဂျန်ပြည်နယ် ဂျီဂျန်းတွင် ကျဉ်းမြောင်းသည့် အပေါက်ထဲသို့ ကားတစ်စီးကျွံကျမှုဖြစ်ပွား

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူဂျန်ပြည်နယ် ဂျီဂျန်းတွင် ကားတစ်စီး ကျဉ်းမြောင်းသည့် အပေါက်ထဲကို ကျွံကျမှုဖြစ်ပွားပြီး ကားအတွင်းမှ လူနှစ်ဦးကတော့ ကံကောင်းစွာဖြင့် လွတ်မြောက်သွားခဲ့ကြောင်းသိရပါသည်။ ကုန်တင်ကားတစ်စီးဟာ အဲဒီလမ်းကို နာရီဝက်ကြာ ဖြတ်သန်းပြီးနောက် ၄င်းအပေါက်ဖြစ်ပေါ်လာခဲ့ပြီး အဖြူရောင်ကားရဲ့ ဘယ်ဘက်ရှေ့ဘီးဟာ အပေါက်ထဲဝင်သွားပြီး လမ်းလယ်မှာ ရပ်တန့်ခဲ့တဲ့ပုံကို လမ်းစောင့်ကြည့်ရေး ဗီဒီယိုက ပြသခဲ့ပါသည်။ ယာဉ်မောင်းနဲ့ ခရီးသည်တို့ဟာ ၄င်းတို့ရဲ့ ကားကို စစ်ဆေးဖို့ လမ်းမျက်နှာပြင်ကို ချက်ချင်းဆင်းလိုက်ပြီး မကြာခင်မှာဘဲ ကားဟာ ကျွံကျသွားခဲ့တာဖြစ်ပါသည်။ ၄င်းအပေါက်ဟာ လမ်းမျက်နှာပြင်အောက်ရှိ သဲများပြိုကျမှုကြောင့်ဖြစ်ကြောင်းနဲ့ ဒီလမ်းကို ပြန်လည်ပြင်ဆင်ဖို့ လာမည့်ရက်အနည်းငယ်အထိ ပိတ်ထားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment