Wednesday, December 31, 2014

စာကြည့်တိုက် ၀န်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ

၂၁ ရာစု တတ်သိပညာခေတ် (Knowledge age) တွင် သတင်းအချက်အလက်များ လျင်မြန် လာမှုနှင့် နည်းပညာ တိုးတက်ပြောင်းလဲ လာမှုများကြောင့် လူထုဆက်သွယ်ရေး နည်းလမ်းများသည် ထိရောက်မှုရှိလာခဲ့ပြီး စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် အရေးပါလာ၍ ပြည်သူ့စာကြည့်တိုက်များတွင် စာကြည့်တိုက်နှင့် အသင်းအချက်အလက် ဆိုင်ရာ ၀န်ဆောင်မှုများကို ပေးနိုင်းခြင်းသည် ပြည်သူများအတွက် အသိပညာ၊ အတတ်ပညာ ကိုယ်ရည်ကိုယ်သွေး တက်စေရန် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန်နှင့် ဘ၀သင်ခန်းစာများ ရရှိစေရန် ပံ့ပိုးကူညီနိုင်ခြင်း နိုင်ငံတစ်နိုင်ငံတွင် စာကြည့်တိုက်လုပ်ငန်းသည် အဓိကကျသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေခြင်းတို့ကြောင့် ဒီဇင်ဘာလ (၂၉)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ အသင်းတို့ ပူးပေါင်း၍ စာကြည့်တိုက် ၀န်ဆောင်မှု လုပ်ငန်းများမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment