ပီရူးနိုင်ငံမှာ
အခုသီတင်းပတ်အတွင်း ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီမှု ရရှိရေးကျင်းပမည့်
ကော့ပ်-၂၀ မတိုင်ခင် ကုလသမဂ္ဂရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆင်းရဲတဲ့
နိုင်ငံများအား အကူအညီပေးရေး ရန်ပုံငွေ(၁၀)ဘီလီယံမတည်ရေးမှာ စပိန်နိုင်ငံက ဒေါ်လာသန်း(၁၅၀)
ထည့်ဝင်ဖို့ ကတိပြုခဲ့တယ်လို့ သိရပါသည်။ အစိမ်းရောင် ရာသီဥတုရန်ပုံငွေ(ဂျီစီအက်ဖ်)က
အခုချိန်ထိ နိုင်ငံပေါင်း(၂၂)နိုင်ငံမှ ဒေါ်လာ(၉.၇)ဘီလီယံ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း
သိရပါသည်။ အမေရိကန်က တစ်ဦးတည်း အများဆုံးထည့်ဝင်သူအဖြစ် (၃)ဘီလီယံ၊ ဂျပန်က (၁.၅)ဘီလီယံ၊
နဲ့ ကနေဒါက သန်း(၂၆၀)ထည့်ဝင်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ကတိပြုခဲ့ကြောင်းသိရပါသည်။ နိုင်ငံပေါင်း(၂၀ဝ)နီးပါးဟာ
မှန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လုပ်မှု ကန့်သတ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ခုရရှိရေးအတွက်
ဒီဇင်ဘာလ(၁)ရက်မှ (၁၂)ရက်ထိ ပီရူးနိုင်ငံ လီမာမှာ တွေ့ဆုံဆွေးနွေးသွားကြမှာ ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment