Tuesday, December 30, 2014

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ကရင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဘက်လိုက်ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လွတ်လက်မှုနှင့် မျှတမှု မရှိခြင်းသည် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ဖြစ်ပေါ်လာမည့် လွှတ်တော်များနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကျဆင်း ညှိုးနွမ်းစေမည်ဖြစ်၍ ပွင့်လင်းမြင်သာသည့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ကြောင်း၊ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲကို ကော်မရှင် တစ်ခုတည်းဖြင့် သာမကဘဲ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူလူထု အားလုံးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ဒီဇင်ဘာလ (၂၉)ရက်နေ့ မွန်းလွဲ (၂)နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောကြားသည်။   

No comments:

Post a Comment