နေပြည်တော်
ဝဏ္ဏသိဒှ္ဓိ Sports Complex အတွင်းရှိ (ဆိုရှယ်ဇုန်)တွင်
အားကစား ဝန်ကြီးဌာနမှ အားကစားလှုပ်ရှားမှု ပြခန်းကို ခင်းကျင်းပြသ ထားလျက်ရှိရာ အဆိုပါ
ပြခန်းအတွင်း မြန်မာနိုင်ငံ၏ အားကစား လောကကို ဦးဆောင်ဦးရွက် ပြုခဲ့ကြသူများ၊ မြန်မာ့ဂုဏ်ဆောင်
အားကစား သူရဲကောင်းများနှင့် ၄င်းတို့ရရှိခဲ့သည့် ဆုတံဆိပ်များ၊ ဆုဖလားများ၊ အောင်မြင်မှုရရှိခဲ့သည့်
မှတ်တမ်းများ၊ အောင်မြင်မှု ရရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများအား ပြည်သူလူထုမှ
သောင်းသောင်းဖျဖျ ကြိုဆိုနေသည့် မှတ်တမ်းဓါတ်ပုံများကို မျိုးဆက်သစ် လူငယ်မောင်မယ်များ
အားကျအတုယူ နိုင်စေရန်နှင့် မြန်မာ့အားကစား သမိုင်းကြောင်းနှင့် အားကစား သူရဲကောင်းတို့၏
သမိုင်းကြောင်းတို့ကို သားစဉ်မြေးဆက် ကြည့်ရှုမှတ်သား သိရှိနိုင်စေရန်အတွက် အားကစား
ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားဝင်း
အတွင်းရှိ အားကစား ဝန်ကြီးဌာန၊ အားကစား လှုပ်ရှားမှု ပြခန်းသို့ ဒီဇင်ဘာလ (၂၉) ရက် နံနက်
(၉)နာရီက အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ယခုလို ပြသထားရသည့် ရည်ရွယ်ချက်မှာ ကောင်းမွန်ပါကြောင်း၊ အားကစား
သမားများ၏ ဓါတ်ပုံများ၊ ဆုတံဆိပ်များ၊ မြန်မာနိုင်ငံ၏ ရိုးရာအားကစားနည်းများ၊ အားကစားနှင့်
သက်ဆိုင်သည့် ပွဲတော်များ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ရိုးရာအားကစားနည်းများ
စသည်တို့ကို စုံစုံလင်လင် ယခုထက်ပို၍ ပြသနိုင်ရန် စုစည်းသင့်ကြောင်း မှာကြားခဲ့ပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များကို အကောင်အထည်ဖော် ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment