Monday, December 1, 2014

ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်အော်တွင် အမေရိကန် တပ်ဖွဲ့အခြေစိုက် စခန်းထူထောင်ပြီးနောက်ပိုင်းမှစပြီး ဒေသခံများငါးဖမ်းရန်ခက်ခဲလာ

ငါးမျိုးစိတ်မြောက်များစွာ ပျော်စံရာ  ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်အော်မှာ ငါးဖမ်းသမားများအတွက် သုခဘုံတစ်ခုဖြစ်ခဲ့သော်လည်း အမေရိကန် တပ်ဖွဲ့အခြေစိုက် စခန်းထူထောင်ခဲ့သည့် (၁၉၆၀)ပြည်နှစ်များ ကစပြီး ဒေသခံများငါးဖမ်းဖို့ ခက်ခဲလာတယ်လို့ဆိုပါသည်။ (၁၉၆၂)ခုနှစ် ဇူလိုင်လ(၁၂)ရက်မှာ သေဆုံးခဲ့တဲ့ အသက်(၂၉)နှစ်အရွယ် တံငါးသည် ရိုဒိုလ်-ရိုဆဲလ်ရဲ့ ဇနီးသည်ကတော့ နေ့စဉ်ငါးရှာလေ့ရှိတဲ့ ၄င်းရဲ့ခင်ပွန်းသည် ပျောက်ဆုံးပြီး(၂)ရက် အကြာမှာတော့ အမေရိကန် စစ်စခန်းအနီးမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ယခုငါးဖမ်းချိန်မှာတော့ စစ်စခန်းအနီးသို့ မချည်းကပ်နိုင်စေဖို့ ခိုင်မန်နီရာမြို့မှာ ငါးဖမ်းသမားများအား သတိပေးထားပြီး နယ်မြေ ကန့်သတ်ထားကြောင်း သိရပါသည်။ ဂွမ်တာနာမို ပင်လယ်အော်အတွင်းပိုင်းမှာ ငါးဖမ်းဆီးဇုန်များကို လျော့ချခဲ့ရာ အမျိုးမျိုးသော ပင်လယ်စာထုတ်ကုန်များလဲ လျောနည်းခဲ့ပါသည်။ ဂွမ်တာနာမို ဒေသခံများဟာ ငါးဖမ်းဆီးလုပ်ငန်းအတွက် သဘာဝအရင်း အမြစ်တစ်ခုရှိနေပေမယ့်လဲ ငါးဖမ်းဆီးဖို့ရာ လွယ်ကူတော့မှာ မဟုတ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment