Wednesday, December 31, 2014

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများအား ပလာစတာရုပ်ထုပြုလုပ်၍ ဂုဏ်ပြုမှတ်တမ်း တင်နိုင်ရန် ဖိတ်ခေါ်ခြင်း

အားကစားဝန်ကြီးဌာနအနေဖြင့် နေပြည်တော် (ဝဏ္ဏသိဒ္ဓိ)ရှိ အားကစားမော်ကွန်းတိုက်တွင် အာရှနှင့် အရှေ့တောင် အာရှ  အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၄) ခုနှင့်အထက် ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသော အားကစားသမားဟောင်းကြီးများအား ပလာစတာ ရုပ်ထုပြုလုပ်၍ အားကစား မော်ကွန်းတိုက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ပြသနိုင်ရေးအတွက် ရပ်နီး၊ ရပ်ဝေးမှ အားကစားသမားဟောင်းကြီးများ အနေဖြင့် ယခုလက်ရှိအနေထား အတိုင်း (ရှေ့/နောက်/ဘေး-ဘယ်၊ညာ) ၄” × ၆” ဓါတ်ပုံ ၄ ပုံ နှင့်အတူ ရွှေတံဆိပ်ရရှိထားသော ခုနှစ်နှင့် ပြိုင်ပွဲအမျိုးအစားများကို ပူးတွဲပေးပို့နိုင်ရေးအတွက် အားကစားနှင့် ကယာပညာဦးစီးဌာန ကျိုက္ကဆံအားကစားကွင်း (လူထုအားကစားနှင့် ပညာပေးဌာနခွဲ) ရန်ကုန်သို့ လိပ်မူ၍ အမြန်ချောဖြင့် (၁၅၁-၁၅) ရက်နေ့ နောက်ဆုံးထား၍ မပျက်မကွက် ပေးပို့နိုင်ပါရန်နှင့် ရောက်ရှိခြင်း ရှိ/ မရှိအား သိရှိလိုပါက ဖုန်းနံပါတ် (၀၁-၄၀၀၈၉၂၊ ၀၁-၄၀၀၄၃၁) များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment