Tuesday, December 30, 2014

ပီရူးနိုင်ငံ အမေဇုန် တောတွင်း မာ့စ်ချို-ပီရို မျိုးနွယ်စုများသည် စားနပ်ရိက္ခများ တောင်းခံရန် ဒေသခံများနေထိုင်ရာသို့ ရောက်ရှိ

ပီရူးနိုင်ငံ အမေဇုန် သစ်တောဒေသရှိ ဒေသခံများ နေထိုင်ရာဘက်သို့ စုဖွဲ့နေထိုင်ကြသည့် တောတွင်း မျိုးနွယ်စုများမှ လက်နက်များ ကိုင်ဆောင်ပြီး အော်ဟစ်ကာ တဖြည်းဖြည်း နီးကပ်လာ ခဲ့သည့်အတွက် ၄င်းတို့နှင့် နီးကပ်ရာက ဒေသခံများကို ကယ်ဆယ်ခဲ့ရပြီး နောက်ပိုင်းကျမှ အဆိုပါ မာ့စ်ချို-ပီရို မျိုးနွယ်စုများသည် စားနပ်ရိက္ခများ တောင်းဆိုခံသည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ (ဒေသခံများ နေထိုင်ရာကို သူတို့က လက်နက်များနှင့် ရောက်လာကြသည်။ မြှားများ လှံများနှင့်မပစ်ဖို့ ပြောခဲ့ရပါသည်။ နောက်ပြီးရွာကို ဝိုင်းလိုက်ကြ ပါသည်။ ဒါနှင့်ပဲလွတ်အောင် ထွက်ပြေးလာ ခဲ့ကြရတာ ဖြစ်ပါသည်။)ဟု ဒေသခံတစ်ဦးက ပြောပါသည်။ ယခုလို တိုက်ခိုက်ဖို့ လာခြင်းသည် အရင်ကလည်း ရှိခဲ့ဖူးပြီး၊ ပြီးခဲ့သည့် မေလကလည်း အစားအစာ အတွက်နိုင်ငံခြား ခရီးသွားတစ်ဦးကို အဆိုပါ တောတွင်း မျိုးနွယ်စုများက တိုက်ခိုက်ခဲ့ ဖူးကြောင်းလဲ သိရှိရပါသည်။

No comments:

Post a Comment