Monday, December 29, 2014

ကျိုင်းတုံမြို့နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစံပြလယ်ယာမြေ (၇) ဧက စတင်စိုက်ပျိုးဖွင့်လှစ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်/ ဝပ်ဆောင်းကျေးရွာအုပ်စုတွင် ၂၀၁၃ ခုနှစ်က မိုးသည်းထန်စွာရွာသွန်း၍ နမ်းဖူးချောင်း ရေကြီးရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေများ သဲဖုံးထိခိုက် ပျက်စီး မှုများ ရှိခဲ့ပါသည်။ ၄င်းဒေသမှ တောင်သူ ၆ ဦး လယ်မြေ ၇ ဧကကို သိပ္ပံနည်းကျစိုက်ပျိုးနည်းစံပြလယ်ယာမြေ စတင်စိုက်ပျိုးခြင်း လုပ်ငန်းခွင်သို့ ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ရောက်ရှိပြီး သိပ္ပံနည်းကျ လယ်ယာမြေဖော်ထုတ်ပေးခြင်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ပထမဦးဆုံးဖြစ်ကြောင်း၊ စနစ်တကျ လယ်ယာမြေဖြစ်ပေါ်လာပြီး ရေခေါ်မြောင်း၊ ရေပေးမြောင်း၊ ကုန်ထုတ်လမ်းနှင့် တူးမြောင်း အဆောက်အအုံများ အပါအဝင် စနစ်တကျစီမံဖွဲ့စည်း ဆောင်ရွက်ထားပေးကြောင်း စိုက်ပျိုး အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ တို့ကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြေင်း ရှင်းလင်းပြောကြားပါသည်။

No comments:

Post a Comment