Tuesday, December 30, 2014

သွေးဖောက် စမ်းသပ်မှုမလိုဘဲ အသက်ရူ စမ်းသပ်မှုကို အသုံးပြု၍ ဆီးချိုရောဂါရှာဖွေ ပေးနိုင်မည့် ကိရိယာ

ကမ္ဘာပေါ်ရှိ ဆီးချိုဝေဒနာရှင် အားလုံးထဲကမှ ၁၀ရာခိုင်နှုန်းသည် လူငယ်များမှာ အဖြစ်များသည့် ဆီးချိုရောဂါဟု လူသိများသည့် ဆီးချိုအမျိုးအစား (၁)ဖြစ်ပြီး ၄င်းအမျိုးအစားသည် လူငယ်များ၏ သွေးထဲရှိ သကြားဓါတ်ကို ထိန်းချုပ်ရန် လိုအပ်သည့် ပန်ကရီးရပ်စ်ထဲရှိ အင်ဆူလင် ထုတ်ပေးနေသည့် ဆဲလ်တွေဖျက်ဆီး ခံရမှုကြောင့် ဖြစ်ပွားသည့် ဆီးချိုရောဂါ ဖြစ်ပါသည်။ ဆီးချိုဝေဒနာ ရှင်များသည် အင်ဆူလင်ကို တစ်နေ့ကို သုံးလေးကြိမ် သောက်သုံးနေရပြီး သွေးထဲရှိ သကြားဓါတ်ကို ဘေးကင်းစိတ်ချရသည့် အနေအထားမှာ ထိန်းထားနိုင်ရန် အရေပြားကို ဖောက်ပြီး သွေးနမူနာကို စမ်းသပ်ရသည့် စမ်းသပ်တိုင်းတာရေး ပစ္စည်းကို အသုံးပြုပြီး စောင့်ကြည့်နေကြ ရတာလည်း ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံ အောက်စ့်ဖို့ဒ်မှ သိပ္ပံပညာရှင် များက နာကျင်မှုမရှိ သွေးဖောက် စမ်းသပ်မှုမလိုဘဲ ရိုးရှင်းလွယ်ကူသည့် အသက်ရူ စမ်းသပ်မှုကို အသုံးပြုပြီး အမျိုးအစား(၁) ဆီးချိုဝေဒနာရှင် ကလေးငယ်များကို လျင်မြန်စွာပဲ ရောဂါရှာဖွေ ပေးနိုင်မယ့် ကိရိယာတစ်ခုကို တီထွင်ထုတ်လုပ် ခဲ့ကြပါသည်။ သုတေသီများသည် အသက်(၇)နှစ်နှင့် (၁၈)နှစ်ကြား ကလေးငယ် (၁၁၃)ဦး၏  အသက်ရူထုတ်လိုက်သည့် နမူနာများကို စုဆောင်းပြီး လေ့လာခဲ့ ရာမှာ သွေးထဲရှိ ကီးတုန်းပမာဏ မြင့်မားလာခြင်းနှင့် ရူထုတ်လိုက်သည့် လေထဲရှိ အက်ဆီတုန်း ပမာဏ မြင့်မားလာ ခြင်းတို့ကြား အရေးပါ ထိရောက်သည့် ဆက်နွယ်မှုကို တွေ့ရှိခဲ့ကြပါသည်။ ပညာရှင်များ၏ အသစ်တီထွင် ထုတ်လုပ်လိုက်သည့် ကိရိယာသည် အက်ဆီတုန်းတွေကို ပုံရိပ်ဖမ်း တိုင်းတာနိုင်မှာ ဖြစ်ပြီး သွေးဖောက်စမ်းသပ်မှုများ လုပ်ဆောင်စရာ မလိုအပ်တော့ပဲ ပုံမှန်စစ်ဆေး နေကျအတိုင်း စမ်းသပ် တိုင်းတာနိုင်ကာ ဆီးချို အမျိုးအစား(၁)နှင့် ပတ်သက်သည့် သတိပေးချက်ကို လွယ်ကူလျင်မြန်စွာနှင့် ကြိုတင်သတိပေး လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment