ကြာရှည်စွာထိုင်ခြင်းသည်
ကျန်းမာရေးအတွက် ပြဿနာများနှင့်ဆက်နွယ်နေပြီး ရုံးအလုပ်သမားများအနေဖြင့် အခြေအနေပေါ်မူတည်ပြီး
ရွေးချယ်မှု အတော်နည်းပါးသည်ကိုတွေ့ရပါသည်။ အဆိုပါအဖြေသည် ခုံအသစ်တစ်လုံးပေါ်မှာ မူတည်နေပြီး
ကိုယ်ခန္ဓာကို ကွန်ပျူတာတစ်လုံးနှင့်အတူ အသင့်အဆင်ပြေသွားစေရန်အလုပ်လုပ်နေစဉ်မှာ ပြုပြင်ပေးသွားမှာပင်ဖြစ်ပါသည်။
နယ်သာလန်ပညာရှင် တီထွင်သူ ဂိုဗတ်-ဖလင့်ထံမှ မောက်စ် Chair ကို တီထွင်ခဲ့ပြီး စပရင်ပုံစံအရိုးငြမ်းမှ
ကွေးညွတ်ပြီး လိုသလို ပြောင်းလဲပေးနိုင်သည့်အတွက် ထိုင်နေတဲ့သူကို ပိုပြီးသက်တောင့်သက်သာဖြစ်စေနိုင်မှာ
ဖြစ်ပါသည်။ ဖလင့်သည် အိုင်ဟိုဗင် ဒီဇိုင်း အကယ်ဒမီအတွက် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ ခြေနှင့်လက်
အနေအထားများကို ဖလင့်ထ်က ကိုယ်တိုင်ဝင်ထိုင်ပြီး သရုပ်ပြခဲ့ပါတယ်။ လေ့လာမှုများအရတော့
ရုံးဝန်ထမ်းအတော်များများဟာ ၄င်းတို့၏ တစ်နေ့တာမှာ ခုံပေါ်ထိုင်ပြီး အလုပ်ချိန်ရဲ့
(၇၅%)ကို သုံးစွဲရကြောင်း သိရှိရပြီး ခုံပေါ်အထိုင်များပါက နှလုံးရောဂါ ဖြစ်နိုင်ခြေအလွန်များသည်ကို
တွေ့ရှိရသလို အဝလွန်ခြင်း၊ သွေးတိုးနှင့်ကင်ဆာဖြစ်အောင်လည်း အားပေးတာတွေ့ရတယ်လို့ ဆိုပါသည်။
ဖလင့်ထ်ဟာ ဗိသုကာ၊ ဒီဇိုင်းပညာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ဝန်ထမ်းများ ထိုင်နေစဉ်တွင် အပြုသဘောဆောင်တဲ့
ရလာဒ်များ ထွက်ပေါ်လာစေဖို့ ကြိုစားခဲ့ခြင်းဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအတွက် သာမက
စိတ်ပိုင်းဆိုင်ရာအတွက်လည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ကြောင်း ဖလင့်ထ်က ၄င်း၏ မောက်စ်
Chair အကြောင်း ပြောကြားခဲ့ပါသည်။
No comments:
Post a Comment