Thursday, January 1, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အသိပေးကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအသိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။ ယင်းကြေညာချက်မှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကုန်/ နိုဝင်ဘာလဆန်းတွင် အထွေထွေရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရန် ပြည့်စုံမှန်ကန်သည့် မဲစာရင်းလိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပြုစုလျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းမဲပေးရွေးကောက်တင်မြှောက်ခွင့်ရှိကြောင်း။ ထိုအခွင့်အရေးမဆုံးရှုံးစေရန် မဲစာရင်းတွင် ပါရန်လို၍ မဲပေးနိုင်ရေးအတွက် မဲစာရင်းများကြေညာသည့်အခါ သွားကြည်ရန်ဖြစ်ကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့် တောင်းခံရန်နှင့် အချက်အလက်များမှားနေလျှင် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုရန်လိုကြောင်း။ မဲပေးပိုင်ခွင့် မရှိသူများပါနေလျှင် ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်နှင့် မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်သည့်အခါ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ကိုမပြောင်းဘဲထားလျှင် မဲဆန္ဒရှင်၏ အမည်သည် ယခင်နေထိုင်ခဲ့သည့် မြို့နယ်မဲစာရင်းတွင်သာပါဝင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment