Thursday, January 29, 2015

ပါကစ္စတန်နိုင်ငံတွင်းရှိ ကျောင်းဆရာများအား သေနတ်ပစ်သင်တန်းများ စတင်ပို့ချ




 ပြီးခဲ့သည့်လက ပါကစ္စတန်ရှိ စာသင်ကျောင်းမှာ တာလီဘန် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ပညာရေး ၀န်ထမ်း(၉)ဦးနှင့် ကျောင်းးသား(၁၃၂)ဦးထက်မနည်း သေဆုံးခဲ့ရပြီးနောက်  ပက်ရှ်ဝါရှိ ပါကစ္စတန် အာဏာပိုင်များဟာ ကျောင်းဆရာ ဆရာမများကို သေနတ်ပစ် သင်တန်းများ စတင်ပို့ချပေးခဲ့ကြောင်း  သိရပါသည်။ ပါကစ္စတန်ဟာ တာလီဘန်တို့၏ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ကြုံတွေ့ခံစားနေရပေမဲ့ ကျောင်းသူကျောင်းသားလေးများကို ရက်စက်စွာ ပစ်သတ်ခဲ့မှုက တစ်နိုင်ငံလုံးကို တုန်လုပ်ခြောက်ခြားစေခဲ့ပါသည်။ အဲဒီ နှစ်ရက်ကြာ သေနတ်ပစ် သင်တန်းသို့  အမျိုးသမီးကောလိပ်မှ ကျောင်းဆရာ(၈)ဦး အပါအ၀င် ကျောင်းသားအနည်းငယ်နှင့် လုံခြုံရေး အစောင့်များလည်း တက်ရောက်သင်ကြားခဲ့ကြပြီး သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်များကိုလည်း ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ရဲအရာကြီးတစ်ဦးက ပြောကြားခဲ့ပါသည်။ ၄င်းသေနတ်ပစ် အခြေခံသင်တန်းမှာ တိုက်ခိုက်သူများအား ပြန်လည်ခုခံ မပစ်ခတ်ခင် ဘယ်လိုအကာအကွယ်ယူရမလဲ ဆိုတာနှင့် သေနတ်ကို ဘယ်လိုကိုင်တွယ် ပစ်ခတ်ရမလဲဆိုတာကို သင်ကြားသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment