Thursday, January 1, 2015

ပိုပိုကာတဲလ် ပီတဲလ် မီးတောင်မှ မီးခိုးများ မှုတ်ထုတ်

မက္ကဆီကို နိုင်ငံမှ ပိုပိုကာတဲလ် ပီတဲလ် မီးတောင်သည် ဒီဇင်ဘာလ (၃၀)ရက်နေ့က မီးခိုးများကို မှုတ်ထုတ်ခဲ့ပြီး ကြီးမားတဲ့ တိမ်စိုင်ကြီးများ ဖြစ်ပေါ်ခဲ့သည်ထိ မြင်တွေ့ခဲ့ရကြောင်း သိရပါသည်။ မက္ကဆီကို စီးတီးမှ အရှေ့တောင်ဘက် မိုင်(၅၀)အကွာမှာ အဆိုပါ မီးတောင်ရှိပြီး မနေ့ကအထိ မီးခိုးများ ထွက်ရှိနေကြောင်း အမျိုးသား သဘာဝဘေး ကယ်ဆယ်ရေးက ပြောကြားခဲ့ပါသည်။ မီးခိုးများသည် အမြင့်(၁.၉)မိုင်ခန့် အထက်သို့ တက်နေပြီး အနီးအနားရှိ ရွာများမှာပြာများ ကျဆင်းလျက် ရှိပါသည်။ သတိပေးမှု အဆင့်ကို အဝါရောင် အဆင့်(၂)သို့ ပြောင်းလဲခဲ့ပြီး ကယ်ဆယ်မှုများ မပြုလုပ်သေးသည်ကို တွေ့ရပါသည်။ ပိုပိုကာတဲလ် ပီတဲလ် မီးတောင်သည် လွန်ခဲ့သည့်နှစ်များ ကစပြီး မီးခိုးနှင့်ပြာများကို မှုတ်ထုတ်နေခဲ့ကာ (၂၀၀၀) ပြည့်နှစ်တုန်းက ပေါက်ကွဲမှု ဖြစ်ပွားစဉ်တွင် လူပေါင်း (၅) သောင်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ရဖူးကြောင်း သိရှိရပါသည်။

No comments:

Post a Comment