ပထမအကြိမ်
အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇန်နဝါရီ၂၈ ရက်နေ့
နံနက် ၁၀ နာရီက ကျင်းပရာ ချင်းပြည်နယ်မှ လက်ဖက်များကို စနစ်တကျ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက်
နိုင်ငံတော်မှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း၊ လွိုင်ကော်မြို့နယ်
ထေးသမ အခြေခံပညာ မူလတန်းကျောင်းရှိ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ပျဉ်ကာမြေစိုက် ကျောင်းဆောင်ကို
(RC) စံတိုက်ကျောင်းဆောင်အဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိမရှိ စသည်ဖြင့် မေးခွန်း
(၅) ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။
No comments:
Post a Comment