Sunday, January 4, 2015

တရုတ်နိုင်ငံ ရှင်ကျန်ဝေဂေါ် ဒေသရှိ ကာနက်စ်သဘာဝဥယျာဉ်အတွင်း နှင်းများနှင့် ဖုံးလွှမ်း

တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှင်ကျန်ဝေဂေါ် ဒေသရှိ ကာနက်စ်သဘာဝဥယျာဉ်အတွင်း နှင်းများနှင့် ဖုံးလွှမ်းနေခဲ့ကြောင်း သိရပါသည်။ နှင်းထုသည် ကားလမ်းတလျှောက်တွင်  (၅၀) ကီလိုမီတာ အထိရှိခဲ့ပြီး အားလပ်ရက် အပန်းဖြေသူများ လှပသည့် နှင်းများကျနေသော ရှုခင်းများကို ငေးကြည့်ရန်အတွက် အကောင်းဆုံးအချိန်ဖြစ်ခဲ့ပါသည်။ ခရီးသွားများ၏ ဘေးကင်းမှုအတွက် ပိတ်ဆို့နေသည့် နှင်းများကို ရှင်းလင်းပေးနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ကာနက်စ် သဘာဝဥယျာဉ်သည် အယ်လ်တေးတောင်များမှာ တည်ရှိပြီး၊ ရေကန်များ၊ မြစ်များ၊ ရေခဲမြစ်များ၊ သစ်တောများနှင့် စားကျက်မြေများသည် ဂေဟစနစ်တစ်ခုအဖြစ် တည်ရှိနေတာဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment