Thursday, January 29, 2015

အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး လုပ်ငန်းအတွက် ညှိနှိုင်း အစည်းအဝေးကျင်းပ

ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး လုပ်ငန်းအတွက် လုပ်ငန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီနှင့် တင်ဒါအောင်မြင်သော   JGC-YONGNAM-CAPE   Consortium အဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က အဖွင့်အမှာ စကားပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်ယော်မှ ဦးဆောင်၍ စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။


No comments:

Post a Comment