Thursday, January 1, 2015

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် တောင်ကိုရီးယား နိုင်ငံမှ ဆွေးနွေးမှုတွေ ပြန်လည် လုပ်ဆောင်ဖို့ အဆိုပြုလာခြင်းကို အဆင့်မြင့် ညီလာခံကျင်းပ သွားရန် လုပ်ဆောင်လို ပါကြောင်းပြောကြား

တောင်ကိုရီးယား နိုင်ငံမှ ဆွေးနွေးမှုတွေ ပြန်လည် လုပ်ဆောင်ဖို့ အဆိုပြုလာခြင်းကို အဆင့်မြင့် ညီလာခံကျင်းပ သွားရန် လုပ်ဆောင်လို ပါကြောင်းဖြင့် နှစ်သစ်ကူး ရုပ်မြင်သံကြားမိန့်ခွန်း ပြောကြားမှုမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပါသည်။ အထူးသဖြင့် ကိုရီးယားစစ်ပွဲ ကာလတုန်းက ဝေးကွာနေကြရတဲ့ မိသားစုဝင်များ ကိစ္စကို ပြန်လည်တွေ့ဆုံ သွားနိုင်ကြဖို့ ဖြစ်ပါသည်။ တောင်နဲ့မြောက် ကြားကကိစ္စသည် အမေရိကန်၏ စစ်ရေးလေ့ကျင့် မှုများကြောင့် ပျက်ပြားနေရကြောင်း ကျွန်းဆွယ်မှာ တည်ငြိမ်မှုရှိအောင် စစ်ရေးလေ့ကျင့် နေမှုကို ရှောင်ရှားဖို့ လိုကြောင်းဖြင့် ကင်မ်ကပြောကြား လိုက်ပါသည်။ မိန့်ခွန်းကို မိနစ်(၃၀)မျှ ပြောကြားခဲ့ပြီး စီးပွားရေးနဲ့ ခရီးသွား လုပ်ငန်းများကို ပြန်လည်စတင်ဖို့ အထူးလုပ်ဆောင်ရမှာ ဖြစ်ကြောင်းလဲ ပြောကြားခဲ့သည်လို့ သိရှိရပါသည်။

No comments:

Post a Comment