ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ
အသိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။ ၄င်းသတိပေးကြေညာချက်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်
နှင့် နိုဝင်ဘာလဆန်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ၊ ရွေးကောက်ပွဲကို
အောင်မြင်စွာကျင်းပနိုင်ရန် ပြည့်စုံမှန်ကန်သည့် မဲစာရင်းလိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊
အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
ပြုစုလျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း မဲပေးရွေးကောက်တင်မြှောက်ခွင်ရှိကြောင်း၊ ထိုအခွင့်အရေးမဆုံးရှုံးစေရန်
မဲစာရင်းတွင် ပါဖို့ရန်လိုပြီး မဲပေးနိုင်ရေးအတွက် မဲစာရင်းများ ကြေညာသည့်အခါ သွားကြည့်ရန်
လိုကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့် တောင်းခံပါရန်နှင့် အချက်အလက်များ
မှားနေလျှင် ပုံစံ (၄-၀) ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုရန်လိုကြောင်း၊ မဲပေးပိုင်ခွင့်မရှိသူများပါနေလျှင်
ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်နှင့် မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်သည့်အခါ
အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ကို မပြောင်းဘဲထားလျှင် မဲဆန္ဒရှင်၏ အမည်သည် ယခင်နေထိုင်ခဲ့သည့်
မြို့နယ်မဲစာရင်းတွင်သာ ပါဝင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment