မင်းသမီး အန်ဂျလီနာ ဂျိုလီသည်
အီရတ်နိုင်ငံ မြောက်ပိုင်း၊ဒိုဟွတ်ရှိ ကာဒ့်စစ်ပြေး ဒုက္ခသည်စခန်း တစ်ခုသို့မနေ့က သွားရောက်ခဲ့ပြီး
ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးသို့ နိုင်ငံတကာ အသိုက်အဝန်းမှ တိုးမြှင့်ထောက်ပံ့မှုတွေ
ဆက်လက် လုပ်ဆောင်ကြဖို့ ဆော်ဩခဲ့ပါသည်။ (နိုင်ငံတကာ အသိုက်အဝန်း အနေနှင့် ပိုမိုကြိုးစားပြီး
စစ်ပြေးဒုက္ခသည် တွေအတွက် လုပ်ဆောင်ပေး စေချင်ပါသည်။ ကုလသမဂ္ဂ အနေနှင့်လည်း (၂၀၁၄)မှာ
လိုအပ်တာရဲ့ ထက်ဝက်ခန့်သာ ရရှိခဲ့တာကြောင့် အခုနှစ်မှာ ဆီးရီးယားနှင့် အီရတ်မှာရှိတဲ့
စစ်ပြေးဒုက္ခသည် တွေအတွက် အခက်တွေ့ခဲ့ ရပါသည်။ ကူညီမှုတွေ မရှိတော့ရင် အခြေအနေတွေက ပိုဆိုးလာနိုင်
ပါသည်။)လို့ မီဒီယာများနှင့် တွေ့ဆုံစဉ်မှာ ဂျိုလီက ပြောကြားခဲ့ပါသည်။ ဂျိုလီဟာ ကုလသမဂ္ဂရဲ့
အထူးသံတမန် တစ်ဦးဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ တစ်တပ်တစ်အား ပါဝင်ကူညီနေသူ
တစ်ဦးလည်း ဖြစ်ပါသည်။ အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းအပြင် ဆီးရီးယား ဘက်ခြမ်းကိုပါ
အိုင်အက်စ်တို့က သိမ်းပိုက်ထားဆဲ ဖြစ်တဲ့အတွက် အဆိုပါဒေသမှ ဒေသခံများဟာ စစ်ပြေးဒုက္ခသည်များ
အဖြစ်ကို ရောက်ရှိနေကြရတာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment