၂၀၁၄ခုနှစ်၊ ဇွန်လလောက်က ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း
သိရပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုမြင့်တက်လာခြင်းနှင့် အာရှ၊
ဥရောပတို့မှ ဝယ်လိုအား လျော့သွားခြင်းကြောင့် လက်ရှိဈေးကွက်တွင် ကမ္ဘာ့ရေနံဈေးသည်
ထက်ဝက်ခန့် လျော့ကျ သွားခဲ့ရပြီဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းစက်သုံးဆီဈေးကွက်တွင်
နေ့စဉ်နှင့်အမျှဈေးနှုန်း အပြောင်းအလဲအနည်းငယ်ရှိခဲ့သော်လည်း သင့်တော်သည့် လျော့ကျမှုမျိုးမရှိခြင်းကြောင့်
ဝေဖန်မှုတွေ ရှိခဲ့ကြောင်း သိရပါသည်။ ဒါ့ကြောင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး
ရောင်းချသူများအသင်းက အခုလ (၁၃)ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း
သိရပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း
အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က လက္ကားအနေနှင့်ဆီဈေးကျဆင်းသွားသော်လည်း လက်လီဈေးနှုန်းကျဆင်းရန်
အချိန်ကြာတတ်ကြောင်း ၎င်းအတွက် ညှိနှိုင်းလျက်ရှိကြောင်း၊ စက်သုံးဆီတင်သွင်းရာတွင် အရည်အသွေးပြည့်မှီခြင်းကို
တင်သွင်းနိုင်ရန် ဝန်ကြီးဌာနကို တင်ပြထားကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရပါသည်။
အမှန်တကယ်လည်း ဈေးကွက်အတွင်းမှာရှိသည့် အောက်တိန်း-
၉၂ သည် အရည်အသွေးမပြည့်မှီမှု တွေကြုံနေရသည်ဟု သိရပါသည်။ ရန်ကုန်မြို့တွင် မော်တော်ကားအများစု
အောက်တိန်း - ၉၂ ကိုသာအသုံးများကြကြောင်း သိရပါသည်။ တစ်ချို့ဈေးကွက်ကျွမ်းကျင်သူများက
မြန်မာ့စက်သုံးဆီဈေးနှုန်းများ အနည်းငယ်သာ အပြောင်းအလဲဖြစ်ခြင်းသည် ကောင်းမွန်သည့်
အလားအလာဖြစ်သည်ဟု သုံးသပ်မှုတွေလည်းရှိကြောင်း သိရပါသည်။ ၎င်းမှ စက်သုံးဆီတင်သွင်းသူများ
အထိနာမှုမှ ရှောင်ရှားနိုင်ပြီး အရည်အသွေးမပြည့်မှီသည့် စက်သုံးဆီများ တင်သွင်းမှုမျိုးမရှိနိုင်ဟု
ပြောကြောင်း သိရပါသည်။ စက်သုံးဆီသုံးစွဲသူများဘက်က သင့်တော်သည့် ဈေးနှုန်းလျော့ကျမှုမျိုးကို
မျှော်လင့်ထားပြီး အရည်အသွေး ပြည့်မှီသည့် စက်သုံးဆီများရနိုင်ရန်ကိုလည်း အလိုရှိကြကြောင်း
သိရပါသည်။
No comments:
Post a Comment