နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်အရ
၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်သည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်ပွဲ
အထိမ်းအမှတ် အနေဖြင့် တစ်နိုင်ငံလုံးတွင် ရှိသည့် အသက်(၁၀၀) နှင့်အထက် အဘိုး(၁၆၉)ဦး၊
အဘွား(၄၀၀) ဦးတို့ကို နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်သမ္မတ
ကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် ဂုဏ်ပြုလွှာနှင့် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၏ လစဉ်ချီးမြှင့် ထောက်ပံ့ငွေများမှ (၂၅)ရာခိုင်နှုန်း
စုဆောင်းထား ရှိသော ရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။
အဆိုပါ ဂုဏ်ပြုလွှာများနှင့် အထောက်အပံ့များကို သက်ဆိုင်ရာ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊
ပြည်နယ်တို့မှ တစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment