Wednesday, January 28, 2015

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေးစိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းဝေးကျင်းပ

နိုငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေးစိစစ်ရွေးချယ်ရေးကော် မတီ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းဝေးကို ယနေ့မွန်းလွဲ ၃နာရီ တွင် နေပြည်တော် ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေ သကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများလည်း Video Conferencing စနစ်ဖြင့် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် မြို့ပြနှင့် ကျေးရွာအဆင့်ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ စီးပွာရေးဆိုင်ရာဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသိန်းအောင်နှင့် လူမှုရေး ဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် ပညာရပ်ဆိုင်ရာဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မင်းအောင် တို့က ကော်မတီအလိုက် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းထားရှိမှု၊ ရွေးချယ်ဆောင်ရွက်မည့် ဆုအမျိုးအစား များသတ်မှတ် ထားရှိမှု၊ အမှတ်ပေးစည်းမျဉ်းများသတ်မှတ်ထားရှိမှုနှင့် သတ်မှတ်ချက် များနှင့်ကိုက် ညီသူများအား ရွေးချယ်ထားရှိမှု၊ ကွင်းဆင်းစစ်ဆေးအကဲဖြတ် လုပ်ငန်းအဖွဲ့များဖွဲ့စည်းထားရှိမှုနှင့် ကွင်းဆင်းစစ်ဆေးမည့် လုပ်ငန်း အခြေအနေများနှင့် ကော်မတီအလိုက်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တိုင်းဒေသကြီး^ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသေကြီးနှင့် ပြည်နယ် အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင် သည့်အခြေအနေ၊ ဆုအမျိုးအစား အလိုက်ရွေးချယ်ထားရှိမှုများကို Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က ပြန်လည် သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက သတင်းထုတ်ပြန်ရေး၊ ဆုတံဆိပ်ပြုလုပ်ရေး၊ ပို့ဆောင်ရေး၊ နိုင်ငံတော်သမ္မတ ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီအလိုက်၊ ဌာနအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ယခုနှစ်ကျင်းပမည့် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်များပေါ်ထွက်လာ အောင် အားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။


No comments:

Post a Comment