၂၀၁၅ ခုနှစ်၊ (၆၈)နှစ်မြောက်
ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်း
ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီက
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် တက်ရောက်အမှာ စကား ပြောကြားသည်။ အဆိုပါ
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး
ဆပ်ကော်မတီ များမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး
စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က (၆၈)နှစ်မြောက်
ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ပြီးစီး မှုနှင့်
ဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားသည်။ ထို့နောက်
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊
ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဌများနှင့် တာဝန်ရှိသူများက (၆၈)နှစ်မြောက်
ပြည်ထောင်စုနေ့ကျင်းပရေး အတွက် မိမိတို့ ဆပ်ကော်မတီများအလိုက်
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ဆောင်ရွက်ပြီးစီးမှု များအား
ရှင်းလင်းတင်ပြကြသည်။ ထို့နောက် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး
စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က (၆၈)နှစ်မြောက်
ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးက
လုပ်ငန်းဆောင်ရွက်ချက်များကို လိုအပ်ချက် မရှိအောင် ယခင်နှစ်များနည်းတူ စနစ် တကျ
စီမံကြပ်မတ်ဆောင်ရွက် သွားကြရန်၊ အခမ်းအနားသို့ တက်ရောက်ကြမည့် တိုင်းရင်းသားရေးရာ
ဝန်ကြီးများ၊ ကပြဖျော်ဖြေမည့် တိုင်းရင်းသားကိုယ်စားလှယ်များနှင့်
နိုင်ငံရေးပါတီများမှ ဥက္ကဌများ အဆင်ပြေ ချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ဖေဖော်ဝါရီလ
၁၃ ရက်နေ့တွင် တိုင်းရင်းသားကိုယ်စားလှယ်များ၏ ကပြဖျော်ဖြေမှုကို နေပြည်တော်ရှိ
ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်
ကြရန်တို့ကိုမှာကြားခဲ့ပြီး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment