Thursday, January 1, 2015

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် ဇန်န၀ါရီ ၁ ရက် နံနက် ၈ နာရီက မြို့ပေါ် ရပ်ကွက် နှင့်ကျေးရွာအုပ်စုများမှ ဒေသခံတိုင်းရင်းသား ၃၇၂၆ဦးသည် တောင်းဆိုချက် (၅) ချက်ပါဝင်သော လက်ကိုင် ပိုစတာများကိုင်ဆောင်၍ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ စုဝေးပြီး ဖောင်တော်ဆိုက်လမ်း၊ ကမ်းနားလမ်း နှင့် ဖောင်တော်ပြန်လမ်းတစ်လျှောက် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အောင်မြင်သည်အထိ နိုင်ငံတော်အစိုးရမှဆောင်ရွက်ပေးရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုလူမှုစီးပွားဘ၀ တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးရန်၊ ရှမ်းပြည်နယ်အတွင်းရှိတိုင်းရင်းသားများ၏အရေးဖြစ်သောခြောက်ပွင့်ဆိုင်တွေ့ဆုံမှုနှင့် မဖြစ်နိုင်သည်ကို နိုင်ငံတော်အစိုးရကအလေးအနက်ထည့်သွင်းစဉ်းစားရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် တိုင်းရင်းသားများအားလုံး ပါဝင်ခွင့်ရရှိရေးကို နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးရန်၊ ခြောက်ပွင့်ဆိုင် အလိုမရှိ၊ တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်ခွင့်ရရှိရေးစသည့် အချက်(၅)ချက်ပါဝင် သောတောင်းဆိုချက်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment