ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ရှိသည့်
နေရာ(၁၀)ခုမှာ ကော်ဖီဆိုင် (၁၀)ဆိုင်ဖွင့်လှစ်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊
တာဝန်ရှိသူတစ်ဦးက ပြောကြောင်း သိရပါသည်။ ၎င်းအတွက် ဒီဇင်ဘာလ(၂၂)ရက်နေ့က အိတ်ဖွင့်တင်ဒါစနစ်နှင့်
ကော်ဖီဆိုင်(၁၀)ဆိုင်ကို ဖွင့်လှစ်ရန် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရပါသည်။
ယခုလို လုပ်ကိုင်ခွင့်ရရှိခဲ့သည့် လုပ်ငန်းရှင်တွေအနေနှင့် ၂၀၁၅ ခုနှစ်ထဲမှာ စတင်လုပ်ကိုင်ရမှာဖြစ်ပြီး
တင်ဒါအောင်သည့် လုပ်ငန်း ရှင်များက လေထိုးကျွတ်ဖာလုပ်ငန်းကိုပါ ကော်ဖီဆိုင်လုပ်ငန်းနှင့်တွဲဘက်ပြီး
လုပ်ကိုင်ရမှာ ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးကပြောပြထားကြောင်း
သိရပါသည်။ ဒီကော်ဖီဆိုင် (၁၀)ဆိုင်ဖွင့်လှစ်မည့် နေရာတွေအဖြစ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏
တည်နေရာ (၃၅၂)မိုင်မှာ တစ်ဆိုင်၊ (၃၁၇)မိုင်မှာ နှစ်ဆိုင်၊ (၂၄၃)မိုင်မှာ သုံးဆိုင်၊
(၁၅၈)မိုင်မှာ နှစ်ဆိုင်၊ (၇၆)မိုင်မှာ တစ်ဆိုင်နှင့် မိုင် (၄၀)မှာ တစ်ဆိုင် အသီးသီးဖွင့်လှစ်သွားမည်ဖြစ်သည်ဟု
သိရပါသည်။
No comments:
Post a Comment